Image Slider

test table


LOGO slide

3:07

The Scorpion King (5) Book of Souls

The Scorpion King (5) Book of Souls
စကော်ပီယံကင်း နံပါတ်၅ မြန်မာစာတန်းထိုးထွက်လာလို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
အရင်ဇာတလမ်းတွေလိုပဲ ပရိတ်သတ်တွေ စိတ်ဝင်တစားနဲ့ မပြင်းရအောင် ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။
အီဂျစ်နိုင်ငံ ဖာနို ဘရင်မတိုင်ခင် ဟနူဘုရင်က ကမ္ဘာကြီးကို ချုပ်ကိုင်နိုင်ဖို့ အလွန်တန်ခိုးကြီးတဲ့ဓါးတစ်လက်ကိုမြေအောက်က ငရဲမီးနဲ့ ပြုလုပ်ခဲ့ပါတယ်။ ရန်သူတွေရဲ့ ၀ိဥာဉ်ကိုနှတ်ယရင်း ပိုမို အင်အားကြီးလာတဲ့ဒီဓါးကို သူ့ နာမည်ပါအောင် ဟနူဘစ်စွယ်လို့ နာမည်ပေးခဲ့ပါတယ် ။ ဒီဓါးနဲ့ သတ်ခံခဲ့ရတဲ့လူတွေဟာ လွတ်မြောက်ဖို့ လမ်းမရှိပဲ အမှောင်ထုထဲမှာသာ ထာဝရနေရလိမ့်လို့ လဲ ၀ိဥာဉ်စာအုပ်ထဲမှာ ဆေးနဲ့ ထုထွင်းကြိမ်စာတိုက်ခဲ့ပါတယ် ။
နှစ်ပေါင်းမျာစွာကြာပြီးနောက် စစ်ဘီလူး နက်ဆရက်ဆီ ဒီမကောင်းဆိုးဝွးဓါးရောက်ရှိသွားခဲ့ရတယ် ။
စစ်ဘီလူးဆိုတဲ့အတိုင်း ထင်တိုင်းကြဲတော့တာပေါ့ ။ လေးဖက်လေးလံက မြို့တွေကိုသိမ်းပိုက်ပြီး သူ့ ကိုဘုသရားသခင်လို့ သတ်မှတ်စေခဲ့တယ်။
အာခေဒီယန်လူမျိုးတွေကတော့ သူ့ ကိုရှောင်ရှားခဲ့ပါတယ် ။ စစ်ဘူလူးကြီးဟာ အာခေဒီယန်တွေရဲ့ခေါင်းဆောင် စကော်ပီယံကင်းကို အသဲအသန်လိုက်ရှာပြီး နှိမ်နှင်းတော့တာပေါ့ ....
ကားလေးကတော်တော်ကောင်းပါတယ် ။ ဒီဓါးကို ဘယ်လိုဖျက်စီးမလဲဆိုတာကလဲတော်တော်ခက်ခဲသလို စိတ်ဝင်စားဖို့ လဲတော်တော်ကောင်းပါတယ် ။
Admin ကတော့ ကြည့်ပီး သဘောကျလွန်းလို့ သူငယ်ချင်းတွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ဒေါင်းဖို့ လင့်ကို ကောမန့် မှာချပေးထားပါတယ်။


OpenLoad (235MB)
Download Link ==>> Watch and Download

ALPHA 2018



ALPHA 2018
ပရိသတ်ကြီးတို့ စောင့်မျှော်နေတဲ့ ALPHA 2018 ဇာတ်ကားလေး တင်ပေးလိုက်တယ်နော်။
ဒယ်နီရယ်လေ ရေးသားထားတဲ့ ၀တ္ထုကို ဒါရိုက်တာ အဲလ်ဘတ်ဟုရ် ပုံဖော်ပေးထားတဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ် ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀၀ ကျော်ဝန်းကျင်လောက်က လူသားမျိုးနွယ်စုတွေရဲ့
နေထိုင်သွားလာလှုပ်ရှားပုံတွေကို အသေးစိတ်တွေ့ မြင်ရမှာဖြစ်ပါတယ် ။
ကီဒါဆိုတဲ့ နှလုံးသားနုတဲ့ ရှေးခေတ်လူသားလေးတစ်ယောက် ....
အချိန်တန်အရွယ်ရောက်လာတော့ လူမျိုးစုအစဉ်လာအရ ဝေးလံခေါင်ဖျားဒေသတစ်ခုကိုသွားရောက်ပြီး 
အမဲလိုက်ရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့ ဖခင်နဲ့ အတူ အန္တရယ်များလှတဲ့လမ်းကို ထွက်ခွာလာခဲ့ရပါတယ်။ ခရီးထွက်လာပြီး တစ်ပါတ်အကြာမှာပဲ အန္တရယ်က သူ့ ဆီတည့်တည့်ကိုရောက်လာပါတော့တယ်။
သူကျရောက်တဲ့အန္တရယ်တွေကို ဘယ်လိုကျော်ဖြတ်မလဲ .....
သူ ဘယ်လိုအန္တရယ်တွေနဲ့ ကြုံတွေ့ခဲ့လဲ ဆိုတာ အောက်က လင့်ထဲမှာ ၀င်ရောက်ကြည့်ရှုလိုကပါနော်။
တကယ်ကောင်းတဲ့ ကားလေးပါ....


OpenLoad ==>> Watch and Download (158MB)

The Nun - 2018

The Nun 2018

အားလုံးစောင့်မျှော်နေတဲ့ The nun မြန်မာစတန်းထိုးတင်ပေးလိုက်ပြီနော်။
အရင်က Conjuring ဇာတ်ကားတွေလိုပဲ ဇာတ်လမ်းက တော်တော် လန့်စရာကောင်းတယ်နော်။

လူတွေနေတဲ့ မြို့ ကလေးနဲ့ ၂မိုင်လောက်အကွာမှာရှိတဲ့ သီလရှင်ကျောင်း ....
နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ဒီကျောင်းမှာ ခြောက်ခြားစရာတွေဖြစ်နေခဲ့တာလဲ
အတော်ကိုကြာလာခဲ့ပါပြီ ။ လူသူအရောက်အပေါက်နည်းသလို
လူတိုင်ကဒီကျောင်းရာဇ၀င်ကို မပြောရဲကြဘူး ။ လူတွေက ဒီကျောင်းမှာ 
မကောင်းဆိုးဝါးတွေရှိနေတယ်ဆိုတာကိုအခိုင်အမာယုံကြည်ကြတယ် ။
သီလရှင်အနည်းငယ်သာကျန်ရှိတော့တဲ့ ဒီကျောင်းမှာ တစ်နေ့ ထူးဆန်းတဲ့လူသေမှု
တစ်ခု ဖြစ်ပွားခဲ့တယ် ။ ဒီအမှုကို စုံစမ်းဖို့ အတွက် ဘုန်းတော်ကြီးတစ်ဦးပါး ၊ သီလရှင်တစ်ပါနဲ့ 
လမ်းပြတစ်ယောက် ရောက်ရှိလာခဲ့တယ် ။
ပွဲက အဲ့မှာစတာပဲ ..... သရဲကလည်းကြမ်းသလားမမေးနဲ့  
Admin တောင် အပေါ့မသွားရဲလို့  ကွေးကွေးလေးအိပ်လိုက်ရတယ် ။
မိန်းကလေးတွေတစ်ယောက်တည်းမကြည့်နဲ့ နော် .....




Download Link ==>> Watch & Download
ကျေးဇူးတင်ပါတယ်။
Thank You.

Mojin : The Lost Legend - 2015


Mojin - The Lost Legend

ရတနာတိုက်တူးဖော်တဲ့ တရုပ်ကား မြန်မာစာတန်းထိုးတင်ဆက်ပေးလိုက်တယ်နော် ။
၁၉၆၀ ၀န်းကျင်ကာလာ .... တရုတ်ပြည်ရဲ့ ရှေးဟောင်းပစ္စည်းရှာဖွေရေး အဖွဲ့ တစ်ဖွဲ့ ဟာ
အလွန်မှ ဆန်းကြယ်လှတဲ့ မြေအောက် ဥမင်တစ်ခုကို ရောက်ရှိသွားခဲံပါတယ် ။
ဂူသချီုင်းလို့ ယူဆရတဲ့နေရာတစ်ခုပေါ့ ... အဲဒိအချိန်မှာပဲ ရုတ်တရက် လူသေအလောင်းတွေ
အသက်ပြန်ဝင်ခဲ့ပြီး အဖွဲ့ သားများကို အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
အားလုံးလဲအသက်လုထွက်ပြေးရင်းမှ ဟူဘိုင်ရီ နှင့် ၀မ် ဆိုသူနှစ်ဦးသာ အသက်ရှင်လျှက် 
ပြန်လည်လွတ်မြောက်လာခဲ့တယ်။ မြေအောက်လှိုင်ဂူကြီးလည်းပျက်စီးသွားခဲ့ပါတယ်
ဒီအဖြစ်ပျက်တွေနောက်ပိုင်းမှာ သူတို့ နှစ်ဦး စိတ်ထိခိုက်ခဲ့ရပြီး
သူတို့ ရဲ့ အလုပ်တွေကိုပါ စွန့် လွတ်ခဲ့ပါတယ် ။ ......

ဒါပေမယ့် နှစ်ပေါင်း ၂၀ ကြာပြီးတဲ့ တစ်နေ့ မှာတော့ အဲဒီ့နေ့ ရာကို တဖန်ခြေချရမယ့် 
အခြေအနေနဲ့  ကြုံလာခဲ့ပါတယ် ။ သိုက်တူးသမားတွေရဲ့ မရမက စည်းရုံးခေါ်ဆောင်မှုကြောင့်
ဒီနေရာကို ပြန်ေ၇ာက်တဲ့အခါမှာ သူတို့ အခက်ခဲတွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ .....
ထူးဆန်းမှုတွေက ဘာတွေလဲ ....
ဘာကြောင့် သူတို့ အဖွ့ဲသားတွေ သေခဲ့ကြရတာလဲဆိုတာကလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ် ။ မြန်မာစာတန်းထိုးလေးဆိုတော့ ပိုကြည့်လို့ ကောင်းတာပေါ့ ....



Download Link ==>>Watch & Download

Illang: The Wolf Brigade 2018


Illang: The Wolf Brigade

ကိုရီးယား အက်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ 
တောင်နဲ့ မြောက်နှစ်နိုင်ငံပေါင်းစည်းပြီးသွားတဲ့တစ်နေ့  .....
ကိုရီးယားရဲ့ စစ်အင်အားကလည်း ပိုမိုကြီးမားလာခဲ့ပါတယ် ။ ဒါကို လိုလားတဲ့သူတွေရှိသလို 
မလိုလားတဲ့သူတွေလဲ ရှိနေခဲ့ပြန်ပါတယ် ။ မလိုလားတဲ့နိုင်ငံတွေထဲမှာ တရုတ်က ထိပ်ဆုံးက
ပါဝင်ခဲ့ပါတယ် ။ အဲဒီ့နောက်မှာ တရုတ်ဟာ ပုန်ကန်လိုသူ ကိုရီးယားနိုင်ငံသားးတွေကို နောက်ကွယ်ကနေ
ထောက်ပံ့ပေးခဲ့ပါတယ် ။ တဖက်မှာလဲ ကိုရီးယား အုပ်ချုပ်ရေးက ပြသနာပြန်တယ် ။ ဒီပုန်ကန်မှုကို 
စစ်တပ်က အပြတ်မဖြတ်ပဲ လက်သတ်မွေးထားခဲ့ပါတယ် ။ ဒါကို အစိုးရကလည်း သိနေပြန်တယ် ။
ဒါမယ့် မခိုင်လုံတော့ဘာမှလုပ်မရဖြစ်နေခဲ့တယ် ။ အပြန်အလှန် အကွက်ဆင်မှုတွေနဲ့ ဇာတ်ရှိန်
တော်တော်မြင့်တဲ့ကားလေးပါ ။ အက်မင်လည်း အကြိုက်တွေ့ တာနဲ့ မြန်မာစာတန်းထိုးလေး
တင်ဆက်ပေးလိုက်တယ်နော် ။ ကြမ်းလည်းကြမ်း ဇာတ်ရှိန်ကလည်းမြင့် စစ်ပွဲတွေကြားထဲ 
အချစ်လေးပါတွဲလိုက်တော့ .... 
ဘယ်လိုပြောရမလဲ .... Very Good ပေါ့ ....


Download Link ==>> Watch & Download

Thank You.

Ant-Man and The Wasp 2018


Ant-Man and The Wasp 2018


ဒီနေ့ မှာတော့ သိပ္ပံကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Ant Man 2018....
တော်တော်လေးမိုက်ပါတယ် ။ ကြည့်ရင်းနဲ့ ကိုယ်တွေတောင် 
သူတို့ ရဲ့စွန့် စားခန်းထဲ ပါဝင်ချင်စိတ်တွေပေါ်လာတယ်။
စိတ်ကူးယဉ်ဆန်ဆန်လေနဲ့ ပရိတ်သတ်တွေကို အကောင်းဆုံး
တင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ ရုပ်ရှင်ဝါသနာအိုးတွေ လက်မလွှတ်သင့်ဘူးနော်....
ဟာသဆန်ဆန်လေး ရိုက်ကူးထားတာကြောင့် ကြည့်ရတာ ပျော်ဖို့ ကောင်းပါတယ်။
မြန်မာစာတန်းထိုးလေး တင်ဆက်ပေးထာူတာဖြစ်လို့ 
အားလုံး ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
ကျေးဇူးတင်ပါတယ်။


Video Download Link ==>> Watch and Download

Thank You

Kuntilanak - Kuntilanak 2018

Kuntilanak 2018 (မြန်မာစာတန်းထိုး)
အင်ဒိုသရဲကား
အခုတလော အရမ်းနာမည်ကြီးနေပြီး
အားလုံးစောင့်မျှော်နေတဲ့ အင်ဒိုနီးရှား သရဲကား မြန်မာစာတန်းထိုးတင်ပေးလိုက်တယ်နော် ။ ဇာတ်လမ်းလေးလည်းကောင်းတယ်။ ဘာဖြစ်လာမလဲစောင့်ကြည့်ရတာကိုက တော်တော်မိုက်တာ ။ ကိုတွေကတော့ ညသန်းခေါင်မှာကြည့်လိုက်တာ အိမ်သာသွားတာတောင်ကျောမလုံချင်ဘူးဖြစ်သွားတယ်။ မြို့ကနေ လင်မယားကွာရှင်းပြီး နယ်ကအိမ်ကို အမျိုးသမီးနဲ့ ကလေးလေးပြန်လာခဲ့တယ် ။ ဒါပေမယ့် အိမ်မှာဘယ်သူမှမ၇ှိတော့ဘူး ။အိမ်သားအားလုံးအသတ်ခံလိုက်ရလို့ အိမ်ကြီးကလဲအိုဟောင်းနေခဲ့ပြီပေါ့ ။ ဒါတွေကလည်း အချိန်တွေကြာနေပြီဆိုတော့ ဒါတွေကို မစဉ်းစားပဲ အဲ့အိမ်မှာပဲနေဖိုးဆုံးဖြတ်လိုက်တယ် ။ အဲမှာဇာတ်လမ်းကစတာပဲ .... ထူးခြားမှုကတော့ ကလေးလေးဆီကနေစတာပဲ .... သူတို့တွေ ဘယ်လိုကျော်ဖြတ်ကြမလဲ .... အဲအိမ်မှာရှိတဲ့အရင်လူတွေ ဘာကြောင့်အသတ်ခံလိုက်ရတာလဲ .... ဘယ်သူတွေကသတ်သွားတာလဲ .... နောက်ဘာဆက်ဖြစ်လာမလဲ ..... တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို ကြောက်ဖို့လည်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် သူငယ်ချင်းတွေအတွက် မြန်မာစာတန်းထိုလေးတင်ဆက်ပေးလိုက်ပါတယ် ။ ၀ါသနာတူ သူငယ်ချင်းများအတွက်လည်း မျှဝေပေးလိုက်ပါဦးနော်။ မိန်းကလေးတွေ တယောက်တည်းမကြည့်နဲ့ နော်....😂🤣🤣 ကျေးဇူးတင်ပါတယ် ။


Download Link ==>> Watch & Download

Thank You

THE MEG 2018


THE MEG 2018
သည်းထိတ်ရင်ဖိုဇာတ်ကားတွေကိုမှ ကြိုက်နှစ်သတ်တဲ့ သူငယ်ချင်းတွေအတွက်
မင်းသားကြီး Jason Statham ပါဝင်သရုတ်ဆောင်ထားတဲ့ ငါးမန်းကား The MEG 2018 ဇာတ်ကားကို
မြန်မာစာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ် ။
ဒီကားထဲမှာ Jason ဟာ ကျွမ်းကျင်တဲ့ ရေအောက်ကယ်ဆယ်ရေးသမားတစ်ယောက်ပါ ။
တနေ့မှာ ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် 
ထူးဆန်းတဲ့ အဖြစ်ပျက်တစ်ခုနဲ့ ကြုံတွေ့ ခဲ့ရတာကြောင့် ကယ်ဆယ်ရေးအစီစဉ်ပျက်ဆီးပြီး
လူပေါင်းများစွာလည်း သေဆုံးခဲံရပါတယ်
အဲဒီ့နောက်မှာ Jason လည်းသူတွေ့ ကြုံခဲ့ရတဲ့ အဖြစ်ပျက်တွေကို ပြန်လည်ပြာပြခဲ့ပေမယ့်
ဘယ်သူမှ လက်မခဲံခဲံကြပါဘူး။ 
သူလည်း အလုပ့်နေထွက်လိုက်ပါတယ် ။ ဒါပေမယ့် တစ်နေ့ မှာတော့ ဒီနေရာကို ပြန်သွားရမယ့်အချိန်
ကျရောက်လာပါတော့တယ် .....

Jason တစ်ယောက် မကောင်းဆိုးဝါးကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ 
ဘယ်လိုအနိုင်ယူမလဲဆိုတာကို သူငယ်ချင်းတွေ ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ ရအောင်
မြန်မာစာတန်းထိုးလေးတင်ဆက်ပေးထားပါတယ် ။




DownLoad Link ==>Watch & Download

Thank You.

Hebbuli (2017)

Hebbuli - 2017

ဒီကားလေးကတော့ ၂၀၁၇ ကထွက်ခဲ့တဲ့ BollyWood အက်ရှင် 
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ။

ကွန်မန်ဒို ရမ် .... သူကတော့ India တစ်တပ်ရဲ့ အားကိုးရတဲ့ စစ်သည်တစ်ယောက်ပါ ။
တစ်ရက်မှာတော့ သူဆီကို စာတစ်စောင်ရောက်လာခဲ့တယ် ။
သူ့အကို အဆုံးစီရင်သွားပြီဆိုတဲ့ စာကိုလက်ခံရရှိပြီးနောက် သူဟာ နေရပ်ကို ပြန်လာခဲ့ပါတယ် ။
အိမ်ပြန်ရောက်တဲ့အချိန်မှာပဲ သူ့အကို သေဆုံးတာဟာ သွေးရိုး သားရိုးမဟုတ်တာ သိလိုက်ရတဲ့ ရမ်...   လူသတ်သမားတွေကို ဘယ်လိုလိုက်လံရှာဖွေ လက်စားချေးခဲ့သလဲဆိုတာကို ပရိသတ်တွေ စိတ်ဝင်တစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ။
BollyWood ဇာတ်ကားကောင်းတွေမှ သိပ်ကြိုက်ပါတယ်ဆိုသူတွေအတွက်
လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တာကြောင့် ကြည့်ရှုအားပေးလိုက်ရအောင် ....

ကျေးဇူးတင်ပါတယ်.....


Download Link ==>> Watch and Download

Thank You .................

Mission: Impossible – Fallout

Mission: Impossible – Fallout

ဟောလိဝုဒ်မှနာမည်ကြီးမင်းသား တွမ်ခရုစ်သည် သူ၏အက်ရှင်ဇာတ်ကားများ၌ မိုးမျှော်တိုက်ကြီးပေါ်မှ လျှောအခါတွင် တွမ်ခရုစ်သည် ယင်းခုန်ချမှုကို ကိုယ်တိုင်သရုပ်ပြသည့် ပထမဦးဆုံးမင်းသားတစ်လက် ဖြစ်လာခဲ့သည်။

အသက် ၅၅ နှစ်အရွယ်ရှိနေပြီဖြစ်သော တွမ်ခရုစ်သည် သူ၏နာမည်ကျော် Mission Impossible ဇာတ်ကား များတွင် အေးဂျင့်အီသန်ဟန့်ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ပြီး သူ၏ပရိသတ်များအတွက် တစ်ကားနှင့် တစ်ကား မရိုးနိုင်သော စတန့်ပြကွက်များကို ထည့်သွင်းပြသလေ့ရှိသည်။

Mission Impossible: Fallout ဇာတ်ကား ရိုက်ကူးခဲ့ပုံကို ထုတ်လှစ်ပြသသည့် ဗီဒီယိုဖိုင်ထဲ၌ တွမ်ခရုစ်သည် အမြင့်ပေ ၂သောင်းခွဲ၌ ပျံသန်းနေသော ကုန်တင်လေယာဉ်ပေါ်မှ HALO JUMP နှင့် ခုန်ချခဲ့ပြီး မြေပြင်နှင့် ပေ ၂၀၀၀ ခန့်သာ နီးကပ်တော့သော အခြေအနေရောက်မှသာ လေထီးဖွင့်သည့် ပြကွက်ကို သရုပ်ပြနေပုံအား မြင်တွေ့ရသည်။

အမြင့်ပေ ၂ သောင်းခွဲကျော်မှ ခုန်ချခြင်းသည် တစ်နာရီလျှင် မိုင် ၂၀၀ ရှိသော အရှိန်နှင့် ပြုတ်ကျခြင်းဖြစ်သော ကြောင့် တွမ်ခရုစ်အတွက်လည်း စွန့်စားရာရောက်ခဲ့ပြီး အထူးပြုလုပ်ထားသော ဦးထုပ်ကိုဆောင်းခဲ့ရသလို ယင်းပြကွက်မတိုင်မီ၌လည်း လေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့ရသည်။

ပြီးခဲ့သောနှစ်ကလည်း တွမ်ခရုစ်သည် Mission: Impossible – Fallout ရုပ်ရှင်ရိုက်ကွင်း၌ တိုက်တစ်ခုနှင့် တစ်ခုကြား ခုန်ကူးစဉ်တွင် ပြုတ်ကျခဲ့ပြီး ခြေချင်းဝတ်ကျိုးသွားခဲ့ရသည်။

Mission: Impossible – Fallout  2018



Video Download Link  ==>>  Watch and Download Movie

ကျေးဇူးတင်ပါသည်။